back pain and smoking
ခါးနာရောဂါသည်များတွင် ဆေးလိပ်သောက်သုံးမှုကို ဖြတ်တောက်လိုက်ပါက
ခါးနာရောဂါ သက်သာလာကြောင်းတွေ့ရှိရ
ဆေးလိပ်သောက်သုံးခြင်းသည် ခါးနာရောဂါနှင့် ခါးအရိုးနုကွင်းဆက်ရောဂါများကို
ဖြစ်ပွားစေကြောင်း သိရှိထားကြပြီးဖြစ်သည်။ သုတေသနပညာရှင်များသည် ဆေးလိပ်
သောက်သုံးမှုနှုန်းနှင့် ခါးနာရောဂါအကြောင်းကို ရောဂါကုသနေသော ဝေဒနာသည်
၆၇၇၉ ဦးတွင် လေ့လာခဲ့ကြသည်။ လူနာတစ်ဦးချင်းစီ၏ အသက်၊ လိင်၊ ကိုယ်အလေး
ချိန်၊ ဆေးလိပ်သောက်သုံးမှုရာဇ၀င်၊ ခါးနာရောဂါအဆင့်၊ ကုသခံယူမှုပုံသဏ္ဍာန်နှင့်
ခါးနာရောဂါနှင့် ဆက်စပ်နေသော စိတ်ကျဝေဒနာ စသည့်အချက်များကိုလည်း
ထည့်သွင်းသုံးသပ်ခဲ့ကြသည်။
ယင်းသုတေသနပြုသောလူနာများတွင် အသက်၅၅နှစ်ကျော်ပြီး ဆေးလိပ်သောက်သုံး
နေသူမှာ ၈.၉ ရာခိုင်နှုန်း၊ အသက်၅၅နှစ်နှင့်အောက် ဆေးလိပ်သောက်သုံးသူမှာ
၂၃.၉ ရာခိုင်နှုန်းပါဝင်သည်။ ထို့ပြင် အသက်၅၅နှစ်ကျော်သော ဆေးလိပ်ဖြတ်ထား
သူမှာ ၂၅ ရာခိုင်နှုန်း၊ အသက်၅၅နှစ်နှင့်အောက် ဆေးလိပ်ဖြတ်ထားသူမှာ ၂၆.၁
ရာခိုင်နှုန်းပါဝင်သည်။
အသက်အုပ်စုနှစ်ခုစလုံးတွင် လက်ရှိဆေးလိပ်သောက်သုံးနေသူများမှာ ခါးနာရောဂါ
ကို ပိုမိုခံစားကြရသည်။ ဆေးကုသနေစဉ်တွင်လည်း လက်ရှိဆေးလိပ်သောက်သုံး
နေသူနှင့် ဆေးလိပ်ဖြတ်ထားသူများကြား ခါးနာရောဂါတိုးတက်မှု ပမာဏမှာလည်း
သိသိသာသာကွာဟနေသည်။
ဆေးကုသမှုခံယူနေစဉ် ဆေးလိပ်ဖြတ်လိုက်သော လူနာများသည် ဆေးလိပ်ဆက်
သောက်နေသူများထက် ရောဂါသက်သာမှု ပိုမိုများပြားသည်။
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။